အေးမြရေချို ၊ သောက်စေလို၍
စိမ့်ယိုမြေအိုး၊ ညောင်ရိပ်မိုးလျက်
ပျိုးပင်စိမ်းမွှေး၊ သဲဖွေးဖွေးနှင့်
လမ်းနံဘေးက ရေချမ်းစင်။
,
ခရီးပန်းလျှင်
ရေချ မ်းတစ်ခွက်၊ ကျောက်စက်အိုးမှ
သောက်ရမောပြေ အားပြည့်ချေ ၏ ။
.
လမ်းသွားလမ်းလာ၊ လူတကာကို
စေတနာရှေ့ ပြေး၊ ကိုယ်လိုတွေး၍
ဝမ်းအေးစေလို၊ ထိုကုသိုလ်တွက်
ဘာကိုမျှ မတောင်း၊ ရေဖြည့်လောင်းသည်
ကျောင်းစာမတတ်၊ ဘာမတတ်နှင့်
တို့ ရပ်ရွာသား၊ ယာသမား၏
မကြွားမ၀ါ၊ စေတနာသည်
မြန်မာဆို မှ မြန်မာတည်း ။
တင်မိုး
No comments:
Post a Comment