Saturday, July 18, 2015
“လွတ်လပ်ခါနီး”
မကန်းချိန် စန်းအိမ်အဆင်းတွင်မှ
အောင်ချင်း တဘောင်သီလို့
ရောင်နီမှာ အောင်စည်ရွှမ်းကြတော့
လွမ်းမိရဲ့သူတို့ကို ။
ခါးတောင်းမဖြုတ်ခင်က
မကောင်းအယုတ်နော် ကြမ္မာမွှေလို့
ခမျာတတွေ မရဏ မြေလားရှာရ
အားမဲ့လူဗိုလ် ။ ။
မျိုးအခြေ ရိုးရာက ပတ်ခဲ့တဲ့
ဆိုးမွေကို ကြိုးကာဆပ်မယ်တဲ့
ဓားချပ်ကာ တမန်တင်းပါလို့
ရန်မင်းကိုတဲ့ သူတို့ ဖြို
ရွှေဘိုရဲ့ နေမျိုး ။
ရောင်ပျို့ကာနီ
အောင်မြို့ အတန်သီမှ
အောင်စစ်ချီ အောင်တပ်ဦးမှာလ
ဘီလူးကောင် သဘက်သင်းတွေက
ကိုယ့်ဗိုလ်ကို ကိုယ်ပြန်ညှင်း သော်ကြောင့်
မြတ်ဆံရှင် ခြေတော်ရင်းမှာ
စင်းဝပ် ရိုကျိုး ။
မင်းသုဝဏ်
၂၂-၁၁-၁၉၄၇
Credit > ရင်ခွင်သစ်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment