Saturday, July 18, 2015

“တို့ တောရွာ”



ဘိုးလမင်းသာသာ
အာကာတွေလင်းချိန်မို့ 
ရိုးအစက တလင်းယာတွင်
သဟာယေတသင်းတို့ နှင့်
ညိုးလှတဲ့အပျင်းတာကို
တခါလေရှင်းမဟဲ့လို့ ၊
ဂန္ဓမာဘွေ သီချင်းရယ်နှင့် ပျော်ကြစဉ်။ ။

သြော် ရှေးအတိတ်ဆီက
ကလေးစိတ်တွေနှင့်၊
ပင်ကုက္ကိုညိုညိုနားမှာတော့
ခုန်လွှားကာ တူတူပျော်ခဲ့တဲ့၊
လှသော်မော် ခင်ကလေးကို တွေးမိစိတ်တွင်။ ။

စွတ်ကပါနံပါစိစဉ်က ဇွက်မညှာတခါကလိမိတာကြောင့်၊
လွှတ်ဟာလွှတ်ဟာ လာမထိနှင့်လို့ တတွတ်တွတ်တာကာ
ထန်ထန်မာမာနှင့်ကြည့်တော့မှ၊
လွန်တာသိလို့ ချော့ပင်
နော့ခရာချင်လို့ တမင်ရုန်း။ ။

ချောတဲ့ခင် ခုများမှာပျိုဘော်ဝင်လို့ ၊ မခေါ်ချင်ပြင်ပြင်စိမ်းကာပ
မြင်တာတောင် မျက်နှာတိမ်းပေမယ့် မယိန်းပေါင်သဟာဆွေရဲ့
ကမ္ဘာမြေတာရှေမျှသာဖြင့်
ကညာမေကို တခါတလေတော့
ရလိမ့်မပေါ့ရယ်လို့ 
မြော်တကာစိန္တေယျာမတော့ နှိမ်ချွေကာဆုမွန်တောင်းပါလို့ 
တခေါင်းမှာသပြေခက်တွေနှင့်
အောင်ဇေယျာ ဂါထာမြွက်ကာပ၊
မနက်စဉ် ညစဉ်ဝတ်ကို လွှတ်ပါဘုဘုန်း။ ။

မေဃ၀န် ကွမ်းခြံကုန်း ကလောင်အမည်ဖြင့် ၁၉၃၅ က ဆရာကြီးမင်းသုဝဏ်
ရေးခဲ့သည့် ကဗျာပါ...

ပန်းချီ ma aung thura 11years old

Credit to ရင်ခွင်သစ်

No comments:

Post a Comment