Tuesday, July 21, 2015

"အိမ်ငှားရန်"


မြေသိမ်းခံ ရုက္ခစိုး
ဒီတမိုး ဘယ်သို့ခိုမယ်။

ခြောက် ထုတ် အကြံ စစ်တော့
နောက်ခုတ်ရန်ချန်ရစ်တဲ့
သစ်ပင်မှာ ယာယီကိုးလို့
ရေအိုးနဲ့ တဝက်ရှယ်။

အိမ် ကျောင်း မှ မပီပြင်တယ်
စည်ပင်နှယ် အခွန်တောင်း။

ရှားသူ့ ကံကခေ
သားဆု မပန်ကြလေတော့
ဖန်ရငွေအဿပြာ မလောက်တာကြောင့်
တယောက်စာ သည်အိမ်ကျောင်း ကို
ငှားရရင်ကောင်း။

ညီညီ (ပေါင်းတည်)
၂၂ ၇ ၁၄

ဓာတ်ပုံ (Min Yu Kywe )

No comments:

Post a Comment