Saturday, September 22, 2012
“တို့ရွာအလိုက်” (လွမ်းချင်း) - ဦးဆောင်း
မိုးမသောက်ခင်က
ခလောက်ကယ် ဂျောင်ဂျင်
လုပ်ငန်းငယ်ပြင်သည်
ချောင်းရေယဉ် သွင်သွင်စီးပါလို့
ကောက်ကြီး စပါးနှံက
သန်လှတယ်လေး။
သို့အရာမူ
တို့ရွာပလိုက်၊ ချွေးပြိုက်ပြိုက်ကယ်နှင့်
ကောက်စိုက်မူဟန်၊ သူ့အပြန်ကို
ထမင်းခံမြေလုပ်၊ အင်စောင်တုတ်နှင့်
ဆူးပုပ်ကယ်ရွက်ညို
ဆီမခတ်သော်လည်း တလတ်ကယ်ချိုလှတယ်
မင်းပျိုတို့ ခုချိန်ခါကို
စားစရာဝါမပြောပါဘု
ပေါလှတယ်လေး။
ခက်ဆစ်အဖွင့်
ဂျောင်ဂျင်= ခလောက်မြည်သံ။
ကောက်ကြီး= စိုက်သည့်ရက်မှ ရက်ပေါင်း ၁၇၀-၂၀၀ အတွင်းမှည့်သော သက်ကြီးစပါးတစ်မျိုး။
ထမင်းခံ= ထမင်းထည့်စရာခွက်။
အင်စောင်တုတ်= ဟင်းရံထည့်သော အနားထူထဲသည့် မြေအင်တုံ။
သီတာ မှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment