ခြွေမချ ပေမယ့်
ကြေမွလို့ကျန်။
တတိတိ ကိုက်ကာစား
လှိုက်ပါသွား ခဲ့တဲ့ ဒါဏ်။
နောက်ဆုံးတော့ အရိုးတံ
မချိုးရန် ညှာလေသလား။
သည်အရွက် သည်အိပ်ယာ
သည် လိပ်ပြာ မဖြစ်ခင်ထိ
သည်သစ်ပင် ရိုးအထက်မှာ
တိုးဆက်ကာ ယူစားပေါ့
ဟိုးရွက်လွှာ ထူထူကြား က
ပိုးနက်ပြာ ခူယား။
ညီညီ (ပေါင်းတည်)
No comments:
Post a Comment