“သီတင်းကျွတ်လဘွဲ့”
လှိုင်လှိုင်သာ
သင်းတော့တယ်၊ ကန်းမင်ငယ်နန္ဒာ၊ လျှံဝင်းငယ်ဖြာသည်၊ ပွင့်ရွှေကြာ
မြိုင်မြိုင်နှင့်၊ ကြိုင်ကြိုင်သင်းတဲ့ လကိုလေး…..။
တူရာသီဝယ်၊ အသ၀နီကြယ်မြတ်၊ ကျီးမင်းသိန်းလည်း၊ ရောင်ရှိန်လျပ်သို့၊
သုဒသ်ကယ်နန်းလို၊ မီးမြင်းမိုရ်နှင့်၊ ၀ါဆိုကင်းလွတ်၊ သီတင်းကျွတ်မို့၊
ဘုံထွတ်ကယ်ဥကင်၊ ဖွင့်စံပယ်ရွှင်သောခါ၊ တိုင်းခွင်ကြီး အောင်ချာမှာ၊
ဆီမီးဝါထိန်ထိန်ဝင်းလို့၊ လင်းလှတယ်လေး…..။
မဟာအတုလမင်းကြီး
ပန်းချီ ma swe zin oo (13) years old
No comments:
Post a Comment