Sunday, September 9, 2012

“လက္ပံပြင္႔ ”



လာေဟ႔ ဒြါး………..
သြားေကာက္ခ်ည္စုိ႔၊
ပြင္႔ေျခာက္ကယ္အနားလန္၊ဆက္ရက္ကယ္ညံ၊
ပင္လက္ပံေၾကြခ်ိန္က်ျပီမုိ႔၊
မိဇံလွ နင္လုိ္က္အံုးမလား၊
သုံးစိတ္၀င္ထန္းေလ်ွာ္ေတာင္းရယ္ႏွင္႔၊
ေပါငး္လန္မွ ျပန္ၾကမယ္ေလး။

အရီးသာလုံးေၾကးကိုင္တုံးက၊
တုိ႔အိိမ္ေတာင္က က်န္စုံကုန္း၊
တေန႔တုန္းလဲကာေသ။
သားေရႏွင္႔အမဲနံ၊လက္ပံႏွင္႔ခ်ဳိင္ရလွ်င္၊
က်ဳိႏွုိင္ေလ မြမြေပ်ာင္းတာမုိ႔၊
ေျပာင္းဆန္အုိ မ်ဳိမက်ရယ္ႏွင္႔ ျမိန္လွတယ္ေလး။

ဦးေဆာင္း

ပန္းခ်ီ ဦးမာလာ

3 comments:

  1. လွမ်းချင်း

    လာဟေ့ - ဒွါး
    သွားကောက်ချည်စို့၊
    ပွင့်ခြောက်ကယ်အနားလံ၊ ဆက်ရက်ကယ်ညံ၊
    ပင်လက်ပံ ကြွေချိန်ကျပြီမို့၊
    မိဇံလှ - နင်လို်က်အုံးမလား၊
    သုံးစိတ်ဝင် ထန်းလျှော်တောင်းရယ်နှင့်၊
    ပေါင်းလန်မှ ပြန်ကြမယ်လေး။
    အရီးသာလုံး၊ ကြေး ကိုင်ကုန်းက၊
    တို့အိမ်တောင် ကြံစုံကုန်း၊
    တနေ့တုန်းလဲကာသေ၊
    သားရေနှင့်အမဲနံ၊ လက်ပံနှင့်ချိုင်ရလျှင်၊
    ကျိုနှိုင်လေ မွမွပျောင်းတာမို့၊
    ပြောင်းဆန်အို - မျိုမကျရယ်နှင့် မြိန်လှတယ်လေး။ (ဦးဆောင်း)

    မူကွဲလို့ မခေါ်နိုင်တဲ့ စာသားအမှား၊ သတ်ပုံအမှားတွေ တွေ့တယ်။ မှန်အောင် ပြင်ကြစေချင်တယ်။

    ဒေါက်တာတင့်ဆွေ

    ReplyDelete
  2. ကြေးကိုင်တုန်းက လို့ထင်တယ်ဆရာ
    ငယ်ငယ်ကကျက်ခဲ့ဘူးတယ်

    ReplyDelete