Sunday, September 9, 2012

“နိုးလော့ ဒို့ မြေ နိုးပါချေ”





အပူပိုင်း ရုက္ခဗေဒဥယျာဉ်-တဲ့
ပင်လယ်ပြင် ပင်လယ်ပြာ
ရှုခင်းသာ ရှုခင်းစိမ်း
ငြိမ်းချမ်းတဲ့ကွေ့ တကွေ့ ။

တန်ဆောင်း ပြသာဒ်လား
ရှားစောင်း လပပ်လား
အပင်မတ်မတ် တိုက်ပရပ်
ဆူအထပ်ထပ် မဒုမ္မာ
ဖရဲသီးလို ပုံပမာ
စုံစွာ ကြုံရာ အပူပိုင်းအပင်များ
နတ်တို့ ဖန်တဲ့ ဥယျာဉ်ပါ။

တောင်သာ တောင်ခြေ
သဲချောင်းမြေ ရှားပင်တော
ကန္တာရပင်တွေကလဲ ပေါပါပေ့
ပြောချင်ဘု ငါတို့ အရပ်
အမှတ်ရ လွမ်းမိတယ်။

ထန်းပင်မြင့်မြင့် 
စခန်းကလဲသင့်
ခွက်ဆင့်လို့  သောက်ချင်သလို
ထန်းရေချို ထန်းရေခါး
ကြက်သားနဲ့  မြည်းချင်လှ
မန်းကြီးပင်ရိပ် တမာရိပ်
ထနောင်းပင်ရိပ် ခြောင်းပြင်ထိပ်
အတိတ်တွေ အလွမ်းဝင်ရင်း
ကမ်းတခွင် ဥယျာဉ်စခန်းက
တောပန်း တောင်ပန်းတွေ ခူးပြီး
ကြည်နူးစွာ ပြန်ခဲ့တယ်။

စပိန်ဆိုတဲ့ ဥရောပမြေမှာ
တမာတွေ မန်းကျည်းတွေစိုက်
ဆိတ်ကြိုက်တဲ့ ဆီးပင်တွေပျိုးကာ
ချစ်ကြိုးသွယ်ရ ကောင်းလေမလား။

တို့ နိုင်ငံ တို့ မဖန်းတီးရသေး
တို့ အလှ တို့ မဆင်ရသေး
တို့ နောင်တ မျိုးစေ့တောင် မချရသေး။

နိုးလော့ ဒို့ မြေ နိုးပါချေ။ ။

တင်မိုး
၂၇၊ အောက်တိုဘာ၊ ၁၉၉၉
ဗုဒ္ဓဟူးနေ့  နေ့ လယ်ခင်း

No comments:

Post a Comment