Wednesday, September 19, 2012

“ကျွန်တော်တို့ ရွာ”



ရွာကို ချစ်တယ်
တနှစ်တခေါက် အလည်ရောက်တယ်။

၇၂ ခုတက်
စက္ကူကပြတ် စက်က ရပ်တော့
ပရုဖတ်တဲ့ ကျွန်တော် အတော်ပဲပေါ့
အသော့အမြန် ရွာကိုပြန်ခဲ့တယ်။

ရွာရောက်တဲ့ည လ သာလိုက်တာ
ရွှေဝါရောင်ည လှလိုက်တဲ့ည
ဒီလိုညမျိုး ဟိုးငယ်တုန်းက
တူပုန်တန်းဆော့
ပြီးတော့
ရွာလယ်လမ်းမ လမ်းခွလမ်းဆုံ
လာသူ ခုန်အောင်
မြွေယောင်ဆောင်ထား ငန်းတော်ကျားလေ
နွားချေးတကန့်  မြေတကန့် နဲ့  ကန့် လန့် ဖြတ်တား
အနားအနီး ပုန်းပြီးနေကြ
ရယ်လိုက်ကြနဲ့  ပျော်ကြရတယ်။

အခုညဖြင့် ရင်ထဲနင့်တယ်
လနဲ့ ကြယ်တွေ ၀မ်းနဲနေတယ်
လေပြေလေညှင်း တေးချင်းမဆို
ငိုလို့ ချည်းနေ ခွေးတွေကအူ
စစ်မီးပူတုန်း ရွာပျက်ကုန်းလို့ 
အလို!
စိတ်ထဲစွဲထင် မြင်ပဲမြင်တက်
ရင်ထဲကျင်စပ် တလှပ်လှပ်ပင်
ငယ်စဉ်ဘ၀ လသာညများ
ဆုံးပါးခဲ့တာ ကြာပကောကွယ် ။ ။

မောင်အောင်ပွင့်
၂၄- ၄ - ၁၉၇၂

No comments:

Post a Comment