Saturday, September 22, 2012

“ရတနာ (၄)”



ပန်းကလေးတောင်မှ၊

နမ်းလို့ မမွှေးရဘူးကွယ် …

ခေါင်းအုံးမှာ ပါးကိုအပ်

မအိပ်တတ်ပါနဲ့ အချစ်ရယ် …

နေထိုးတဲ့အခါ နေပြောက်ကလေးတွေ

ရေချိုးတဲ့အခါ ရေပေါက်ကလေးတွေ

အသားကို ထိနေတာတောင်မှ

စိတ်ထဲမှာ ဘဝင်မကျချင်ဘူး

လရောင်ကိုလည်း(လဲ) မနာလို

လေပြည်ကိုလဲ မကျေနပ်နဲ့

ချစ်တတ်လွန်းလို့ သဝန်တိုတာ

အချစ် ကိုယ့်ကို နားလည်ပါကွယ် …။

ဘယ်တော့ပဲဖြစ်ဖြစ်

ဘယ်တော့မှ မမေ့ချင်ဘူး

ဘယ်နေ့မှ မခွဲချင်ဘူး

စိတ်ကူးနှင့်တောင် မဝေးရဲ

အိပ်မက်ထဲတောင် အူတိုတတ်ပါရဲ့

အမှတ်တရကွယ် ခြေရာအသစ်တွေနဲ့

ကိုယ့်အချစ်ကလေ ..

ဖြတ်မရတဲ့ ဝေဒနာချစ်။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

No comments:

Post a Comment