Sunday, September 9, 2012

“ရှင်လူထွက်သစ်”



ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောင်းမတို့လေ 
ရှင်လူထွက်သစ်၊ ဆယ့်သုံးနှစ်က၊ ချစ်တဲ့သူကို 
အယူတခြား၊ မိထွေးများက၊ ဆီးတားဆို
ရစ်ကို ထောင်ကာ ထားရတယ်။

နွမ်းနယ်တစေ့၊ ရှေးကပါ၊ ကြမ္မာငွေ့ကြောင့်
မတွေ့ရတာ၊ ကြာတောင်းကြာမှ
မျက်နှာတူရူ၊ သူလည်း အလာ၊ မယ်သာ အမျှော်
နေ၀င်ကျော်၊ ဒွေးတော်အိမ်ပါး၊ တောင်ဆီနားသို့
ယာသွားပို့ပြန်
စောင်လျားခြံနှင့်၊ လက်ပံပင်ရှေ့၊ ကျဉ်းမြောင်းကွေ့ 
တွေ့သောခါ
ပုဝါ ယက်သစ်၊ မယ်ကပေးတဲ့၊ ပိုးသေး မည်းပါ၊ ခေါင်းပေါင်းပြာ လည်မှာရစ်လို့
ဖွင့်လှစ်ကယ် မဆို၊ ပခုံး ဘယ်တင်၊ မယ့်ကျောပြင်၊ လက်တင်ရပ်လို့၊ မတ်တတ်ကယ်ငို။

မောင့်ကိုစိမ်းကား၊ မယ်နှမက ဆိုသလား
တို့ချစ်ခြင်း ကွင်းအောင်တစေ၊ နေ့တိုင်းမွှေတဲ့
သက်ကြီး ၀န်တို၊ မြင်တိုင်း မုန်းစရာ၊ ကုန်းမအို
ရေလို ခန်းခြောက်ပါစေသား။

ရှင်ငြိမ်းမယ်

ပန်းချီ U Saw Hlaing

No comments:

Post a Comment