Saturday, September 22, 2012
“နတ်မျက်စိ ရသူများ”
ထိုညက
မီးမလာပါ။
မီးပုံးလှလှ၊ ဆင်သလိုက်မဟဲ့
ရောင်စုံမီးပွင့်၊ ထွန်းတင့်စေမကွဲ့
သစ်ပင်ထိပ်မှာ
အိမ်တံစက်မြိတ်မှာ
ခလုတ်နှိပ် မီးဖွင့်တော့
အတင့်အတယ်၊ အလှကြွယ်စေမကွဲ့။
စိတ်ကူးဘယ်မျှ ယဉ်ယဉ်
အမျှင်ဘယ်မျှ တန်းတန်း
အမှန်းဘယ်မျှ ကြီးကြီး
ထိုညက မီးမလာပါ။
အမှောင်မှာ ကျင့်သားရပြီး
အမြင်အားသန်အောင် ကြည့်တတ်တဲ့
နတ်မျက်စိ ရှိဖို့ လိုပါတယ်။
လူထုသိန်းသန်း၊ နတ်မျက်စိ သိန်းသန်းပေါ့
မငြိမ်းတမ်း နတ်မျက်စိ
သတ္တိတွေအပြည့်နှင့်...။
တင်မိုး
၂၈၊ ဇန္န၀ါရီ၊ ၁၉၉၉
ကြာသပတေးနေ့ နံနက်ခင်း။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment