ဂိမ္မန်နွေနှောင်း တစ်ဖန်ပြောင်းဘိ
မိုးလခါဝယ် ဝဿန် တိမ်တောင်
မိုးစက်ပြောင်၍ အာရုဏ်က ကျင်း
ရောင်နီလင်းသော် ရွာဦးရယ်ဆီ
ဘုန်းတော် ကျောင်းညို ''' ဘွန္ဒော'''' သံရယ်ပြို ။ ~~~ ။
မိုးလခါဝယ် ပျိုးကောက်မယ်သာပ
ဖြိုးမောက်မယ့် ကျဉ်စပါးတွင်း
ပျို တို့ မောင် တောင်သူကြီးက
မိုးသောက်ယံ တောင်ယာဆင်းပေါ့
ဟန်သင့်ရယ်ပြင်
လယ်တောခွင် ယာမြေဆင်းရန်ပ
နွားတင်းကုတ်ဆင်း ။ ~~~ ။
ရွာဦးရယ်ဆီ
အုန်းမောင်း ရယ်ထိုးဘိ
No comments:
Post a Comment