Saturday, September 22, 2012
“ဥသြတစ်ကောင်”
ကြွေအုပ်အမောနဲ့
နွေဥသြကတွန်သံကူ
ကံ့ကော်ရွာ တမာတန်းမှာ
လွမ်းဆွတ်ဆွေးပူ။
ဘေးလူတွေ
နားဝင်ပီယံအတိ။
တေးချူသံသာ
ဘဝင်မှာချိုအိ။
သည်မှာကြည့်စမ်း
ကံ့ကော်ရွာ တမာတန်းက
ကံ့ကော်သူတမာစေခဲ့လို့
ရင်မှာနွေ
ရှည်ကြာအလွမ်းတွေနဲ့
မေ….လှမ်းအလာ
မှန်းကာကြိုမောတဲ့
ဟော……..ဥသြတွေရှိ။
“နတ်မျက်စိ ရသူများ”
ထိုညက
မီးမလာပါ။
မီးပုံးလှလှ၊ ဆင်သလိုက်မဟဲ့
ရောင်စုံမီးပွင့်၊ ထွန်းတင့်စေမကွဲ့
သစ်ပင်ထိပ်မှာ
အိမ်တံစက်မြိတ်မှာ
ခလုတ်နှိပ် မီးဖွင့်တော့
အတင့်အတယ်၊ အလှကြွယ်စေမကွဲ့။
စိတ်ကူးဘယ်မျှ ယဉ်ယဉ်
အမျှင်ဘယ်မျှ တန်းတန်း
အမှန်းဘယ်မျှ ကြီးကြီး
ထိုညက မီးမလာပါ။
အမှောင်မှာ ကျင့်သားရပြီး
အမြင်အားသန်အောင် ကြည့်တတ်တဲ့
နတ်မျက်စိ ရှိဖို့ လိုပါတယ်။
လူထုသိန်းသန်း၊ နတ်မျက်စိ သိန်းသန်းပေါ့
မငြိမ်းတမ်း နတ်မျက်စိ
သတ္တိတွေအပြည့်နှင့်...။
တင်မိုး
၂၈၊ ဇန္န၀ါရီ၊ ၁၉၉၉
ကြာသပတေးနေ့ နံနက်ခင်း။
“လွဲနေသောရေစီးကြောင်း”
ကလေးက တငိုငို
ကျောင်းဝင်ကြေး ငွေလိုလို့
မျက်ရည်တွေ စိုရွှဲ
စုဘူးကလည်း ပြည့်နိုင်ခဲတယ်---။
ဖေဖေကြီးမှာတော့
ဘီယာတွေ တစ်လုံးပြီးတစ်လုံး ဖေါက်
တစ်လုံးပြီးတစ်လုံး သောက်
နေညိုချိန်ရောက်လို့
မှောက် သွားတဲ့ခါ---။
ကလေးခမျာ
ပုလင်းခွန် တစ်လုံးပြီးတစ်လုံး ကောက်
ဈေးပေါက်ဝ သွားရောင်း
ပြန်လာတော့ လက်ဆယ်ချောင်းထောင်ပြ
ငွေတစ်ဆယ်ရလို့ ပြုံးရွှင်ပျော်
ဖေဖေကြီး များများသောက်နော်---တဲ့
ဖေဖေကြီး များများဆက် သောက်။ ။
သန်းစိန်
“ကျောင်းသင်္ခမ်းနဲ့  မြန်မာပြည်”
အမှားလုပ်လဲ ငုတ်တုတ်ခံ
အမှန်လုပ်လဲ မတုံ့ ပြန်
ရှေးရှေးဘ၀က ကုသိုလ်ကံ
ကံပေးသမျှ ရောင့်ရဲ ကြ
ဒါမှ မြန်မာ ပီသတဲ့ဗျ ။
ဗုဒ္စဘာသာ တို့ တိုင်းပြည်
လောကီရေးကို မတွေးပြီ
တမလွန်သို့  စိတ်ကရည်
နိဗာန်ရွှေပြည် ပန်းတိုင်သို့ 
ကိုယ်ပိုင် ဥစ္စာ စွန့် လွှတ်လို့ 
အလှူရေစက် ချကြစို့ ။
ငါတို့ နိုင်ငံ ထွန်းကားရန်
စိတ်အား မထက်သန်
အကြံဥာဏ် တွေ ထုတ်မသုံး
သိပ္မံ နည်းတွေ မုန်း ။
တဟုန်းဟုန်း နဲ့  တိုးတက်ရန်
ဟောသည် ကမ္ဘာမြေ
မြန်မာတွေ နေရစ်တော့
ကျောင်းသင်္ခမ်း မှာ စံလေရော့ ။ ။
ဆရာ တင်မိုး
၂၃ ၊ ဇွန် ၊ ၁၉၉၉
ဗုဒ္ဒဟူး နံနက်ခင်း
“ရတနာ (၄)”
ပန်းကလေးတောင်မှ၊
နမ်းလို့ မမွှေးရဘူးကွယ် …
ခေါင်းအုံးမှာ ပါးကိုအပ်
မအိပ်တတ်ပါနဲ့ အချစ်ရယ် …
နေထိုးတဲ့အခါ နေပြောက်ကလေးတွေ
ရေချိုးတဲ့အခါ ရေပေါက်ကလေးတွေ
အသားကို ထိနေတာတောင်မှ
စိတ်ထဲမှာ ဘဝင်မကျချင်ဘူး
လရောင်ကိုလည်း(လဲ) မနာလို
လေပြည်ကိုလဲ မကျေနပ်နဲ့
ချစ်တတ်လွန်းလို့ သဝန်တိုတာ
အချစ် ကိုယ့်ကို နားလည်ပါကွယ် …။
ဘယ်တော့ပဲဖြစ်ဖြစ်
ဘယ်တော့မှ မမေ့ချင်ဘူး
ဘယ်နေ့မှ မခွဲချင်ဘူး
စိတ်ကူးနှင့်တောင် မဝေးရဲ
အိပ်မက်ထဲတောင် အူတိုတတ်ပါရဲ့
အမှတ်တရကွယ် ခြေရာအသစ်တွေနဲ့
ကိုယ့်အချစ်ကလေ ..
ဖြတ်မရတဲ့ ဝေဒနာချစ်။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
“အမေ့မှာတမ်း” (ကဗျာ)
သား -----------
အမေ သေတဲ့အခါ-
လုံးဝ မငိုပါနဲ့။
သေပြီးမှ ငိုကြတာ
ရူးသွပ်တဲ့ ရောဂါပဲ----
မသေခင် ပြုစုကြ
မသေခင် ကျေးဇူးဆပ်ကြ
မသေခင် ချစ်ခင်ကြ
မသေခင် ညီညွတ်ကြ
မသေခင် စာနာကြ
မသေခင် ယိုင်းပင်းကူညီကြ
မသေခင် ခွင့်လွှတ်ကြ
မသေခင် အပြစ်မရှိအောင်နေကြ
မသေခင် ပေးဆပ်ကြ
မသေခင် လုပ်ရမယ့်အရာ
အများကြီး ---- အများကြီးပါပဲ။
အဲဒီလိုနေခဲ့ရင်
သေတဲ့အခါ
ဘာမှလုပ်စရာမလိုဘူး။
သေသွားပြီလား -----
အမေ သေသွားရင်
တစ်ပြားမတန် အမေ့ရုပ်ကျန်ကို
ဘယ်ဆွေ ဘယ်မျိုး ဘယ်လူမျိုးမကျန်
ဒုက္ခမခံနဲ့။
ဒီနေ့သေ ဒီနေ့ချ
အမေ့ အသုဘကြောင့်
အများ ဒုက္ခမရောက်စေချင်တာ
အမေ့ဆန္ဒ ပါ ---- တဲ့
အမေသွားနှင့်တော့မယ်
လိမ်လိမ်မာမာ နေခဲ့ကြ။ ။
မတင်
( 2012 ခုနှစ် ဖေဖော်ဝါရီလ 4 ရက် နေ့လည် 11 နာရီ 35 မိနစ်)
“အိပ်မောကျနေရင်းတောက်ခေါက်သံ”
တနှစ်ပြီးတနှစ်
လက်ချိုးမစစ်ခဲ့သော်လည်း
ကိုယ့်တိုင်းပြည်ကျော်ပြီး
တဖက်နိုင်ငံပေါ်ရောက်နေ
ကိုယ့်တိုင်းပြည်မှ လူမျိုးတွေ
စော်ကားခံနေရ မြင်ကွင်းဆိုးများ
တွေ့ နေရတာ များများလာတော့
ပြည်ချစ်သွေးသားနဲ့  ခန္ဓာကိုယ်
ရှိုက်ရှိုက်ပြီးမငိုပေမယ့်
သက်ပြင်းချပြီး မျက်ရည်ယိုခဲ့ရတယ်။
ဒီအခြေအနေမျိုးကို
ရဲဘော် ကြုံမယ်ဆိုရင်
ဘယ်လိုနေမလဲ ပြောစမ်းပါ။
ဒီကောင် ပြည်ကျော် ကတော့
အိပ်မောကျနေရင်းတောင်မှ
အံ့ကြိတ်တောက်ခေါက်နေမယ့်ကေ
ဟိန်းနိုင် (မန္တလေး)
“တို့ရွာအလိုက်” (လွမ်းချင်း) - ဦးဆောင်း
မိုးမသောက်ခင်က
ခလောက်ကယ် ဂျောင်ဂျင်
လုပ်ငန်းငယ်ပြင်သည်
ချောင်းရေယဉ် သွင်သွင်စီးပါလို့
ကောက်ကြီး စပါးနှံက
သန်လှတယ်လေး။
သို့အရာမူ
တို့ရွာပလိုက်၊ ချွေးပြိုက်ပြိုက်ကယ်နှင့်
ကောက်စိုက်မူဟန်၊ သူ့အပြန်ကို
ထမင်းခံမြေလုပ်၊ အင်စောင်တုတ်နှင့်
ဆူးပုပ်ကယ်ရွက်ညို
ဆီမခတ်သော်လည်း တလတ်ကယ်ချိုလှတယ်
မင်းပျိုတို့ ခုချိန်ခါကို
စားစရာဝါမပြောပါဘု
ပေါလှတယ်လေး။
ခက်ဆစ်အဖွင့်
ဂျောင်ဂျင်= ခလောက်မြည်သံ။
ကောက်ကြီး= စိုက်သည့်ရက်မှ ရက်ပေါင်း ၁၇၀-၂၀၀ အတွင်းမှည့်သော သက်ကြီးစပါးတစ်မျိုး။
ထမင်းခံ= ထမင်းထည့်စရာခွက်။
အင်စောင်တုတ်= ဟင်းရံထည့်သော အနားထူထဲသည့် မြေအင်တုံ။
သီတာ မှ
“ပေါ်မလာမျှော်ကာငို”
ထိမ်သဖန်းငယ်နှင့် လိမ်သန်းငဲ့ဖလံ၊
တယ်ပေါက်ကယ်သန်သည် နယ်မြောက်ဌာန်
ငါတို့တောဆီက၊
လေရောရာ မိုးတွေဆင်လျှင်
မရွှင်လွမ်းလိုက်လှနော်အဝေး။
ဆေးမင်ကြောင်ငယ် ပေါင်တစ်ဖက်ထိုး၊
ကွက်ပုဆိုးနှင့် ရက်ပိုးမပါ၊
ပေါင်းပုဝါလည်း ခေါင်းမှာပေညစ်၊
ဗလပွေရစ်လို့ ထွေသစ်ကယ်မဆို၊
ကျည်းပင်လျှိုမှာ နှစ်ကိုယ်ယှဉ်တွေ့၊
မြင်သနေ့ရယ်က ကြင်ငွေ့ငယ်ဆုံသူ၊
အကျွန့်လူလည်း ရွှံ့ထူမြေတာ၊
ဟိုတစ်ရွာက ပေါ်မလာလို့၊
မျှော်ကာသာငိုမိတယ်။
နေညိုစချိန်ဆီကို တိမ်အနီ ပြာ အကွက်ကယ်က
ညှာဘယ်ကိုသူမပေးလို့ ဆွေးလှတယ်လေး။
ဦးကြီး
ဒီကဗျာလေးကတော့ တောသူမလေးရဲ့ ပေါ်မလာနေနိုင်အားတဲ့ချစ်သူက
သူတို့နေတဲ့အရပ်ရဲ့မြောက်ဘ
စိတ်မှာမရွှင်လို့လွမ်းပါသတဲ
သူတို့နေတဲ့အရပ်မှာ ထိန်ပင်၊သဖန်းပင်၊တယ်ပင်၊လိ
တစ်ရက် ကျည်းပင်လျှို (လျို=လမ်းမြောင်ကြား)မှာ ချိန်းတွေ့ကြတဲ့ရက်တုန်းက
သတ္တိနည်းလို့ ဆေးမင်ကြောင်တစ်ဖက်ထဲထိုးထာ
ညစ်ပေ၊၀တ်ထားတဲ့ပုဆိုးကလည်း
စိတ်ညစ်နေပုံနဲ့ထွေထွေထူးထူ
တိမ်အနီအပြာတွေသန်းနေတဲ့ညနေ
လွမ်းလို့ ငိုရပါတယ်ဆိုတဲ့ တောသူမလေးရဲ့အလွမ်းပါ။
“ကောက်စိုက်ဖွဲ့” (ဟန်ချင်း)
အေးကောင်းပျိုရွယ် သူငယ်ချင်းတို့၊
လယ်တော်တွင်းက များတတွေ။
ကိုယ်စီ- က-လို့ လှစရာ၊
တို့မျက်နှာမှာ နံ့သာပြောက်လို့၊
လှည်းစာခေါက်ကို အိုင်အိုင်အေးအောင်၊
သွေးကြပါအေ့။ ။
ပန်းထိမ်လက်ခ မပေးရ၊
ထန်းပင်ကြီးက ဖြစ်သည့်ရွှေကို၊
ဆူးပန်းကုံးတွေ သွယ်ဘယက်နှင့်၊
ပေရွက်လိပ်ကြီး နားတောင်းဆင်၊
ယဉ်နိုင်အောင် ယဉ်လိုက်ချည့်။
အောင်ပင်လယ် ရွာမရိုင်း၊
တိုင်းရွှေပြည့် လက်နား။ ။
လေးရာ့နှစ်ဆယ်၊
အနံငယ် တိုထဘီနှင့်၊
ဖျင်အင်္ကျီ သစ်ခေါက်ဆိုးလို့၊
ချုပ်ရိုးတွေ သီတတန်းမှာ၊
သန်းကိုက်လို့ မယား။ ။
ကျွဲခတ်သည့်ဟန်၊
ချဗျာဆံ စုံပါးရိုက်ကို၊
ခါလိုက်ချည့် တို့အပျိုမှာ၊
ယဉ်နကို မူကြစို့၊
မရိုးဖြူဆံခွေထုံးမှာ၊
ကုံးပန်လို့ ခြားခြား။ ။
အကျွန်တို့လယ် ကောက်စိုက်တုံးက၊
ပြုံးလိုက်တဲ့ အကောင်ဟာရယ်၊
သင်း-ပါရဲ့လား အေ့။ ။
ပုံး ဖာ မှောက်ဆင်၊
တို့-လှတုန်းကို မြင်ပတဲ့အောင်၊
ငါးမျိုးဆင် ပုဝါပြောက်မှာ၊
အဖာတွေ တရာလောက်ကို၊
ဟော-မြှောက်လို့ ပြစမ်း။ … ။
စာဆိုရှင် အမည်မသိ
တွေးမိတွေးရာ ရေးမိရေးရာ မှ
ပန်းချီ san hlaing
ပုံကြီးသံ “ကောက်စိုက်သမဖွဲ့”

ပျိုလေးတို့ ကောက်စိုက်ရာ၊
လိုက်လာနှင့် လေး။
လိုက်လာလျှင် ရွှံ့စင်ရော့မယ်၊
ပေါင်းကြော့ ရင်သွေး။ ။
မဲပန်းညို ပတ်လည်ဝိုက်လို့၊
ထပ်စိုက်တဲ့ မရိုးခိုင်ငယ်၊
ကိုးတိုင်က မွှေး။
လယ်ပွဲတော်ဝင်၊
ပန်ချင်လျှင် ပုံတော်တီးငယ်၊
ခေါင်းဖြီးခဲ့လေး။ ။
အောင်ပင်လယ် ကန်မြမင်းနှင့်၊
ရန်ကင်းတောင် သီခေါင်၊
ရီမှောင်လို့ ဖွေး။
ပျာကသီ၊ တာဆီကို မရွာပါနှင့်၊
မင်္ဂလာလယ်တော်စိုက်ကို၊
ဆိုင်းလိုက်ပါလေး။ ။
ပျိုစိုက်တဲ့ လယ်ကန်သင်းက၊
ရွှေယင်းမာပင်။
မပွင့်ခင်က ငုံတန်သေးငယ်၊
ချိုး ပန်ခဲ့လေး။
တို့တိုင်းမြေနယ်ပေါ်၊
လယ်တော်နှင့် လေး … တော့။
အို-ဘုန်းတော်လေ ကြီးလို့၊
လယ်တော်လေ သီးလို့၊
ပြည်ကြီးမို့လေး။
ရွှေမန်းမြို့ စံရာ၊
ရန်ကွာလို့ ဝေး … တော့။
အို-စက်တော်လေအောက်မတော့၊
ဆဒ္ဒန်ရောက်ပေါ့၊ ရန်ပြန်လို့အေး။ ။
မိုးချုပ်လို့ ချိန်တန်၊
ပြန်ချိန်မှ မျှော်ကွဲ့လေး။
ရွှေဘိုးခေါင် ညီနောင်အိပ်တဲ့၊
တောင်ထပ်ကို နေစွယ်ခ-မှ၊
ချစ်တဲ့လူ ရွှေယောင်ပွက၊
ကြိုပ့ါကွဲ့လေး။ ။
တို့နန္ဒာ လယ်တော်တိုက်မအေ့၊
ညည်းစိုက်တဲ့ ကောက်သွယ်ငယ်၊
မှန်း-ဘယ်မျှကြီး။
ဟော ကြည့်စမ်းမွန်၊
တနှံကို ဆယ်ပြည်ထွက်တယ်၊
ဖြိုးအက်လို့ သီး။ ။
တို့နန္ဒာ ကန်တော်လယ်မှာ၊
နှိုင်းဘွယ်ရှိဘူး။
အကျွန်စိုက်တဲ့ ပျို့ကောက်ပင်၊
ဆင်ပေါက်ကယ် ဆယ်ကောင်ဝင်တော့၊
ရှာမမြင် အနှံဖူး၊
သုံးထွာကကြူး။
(ရေးသူ - သံတော်ဆင့် ဆောမြို့စား ဦးစီ)
တွေးမိတွေးရာ ရေးမိရေးရာ မှ
ပန်းချီ saw hlaing
“မောင်မမြင်စမ်းစေရ”
မိုးစရိုက်ပေမို့ ပျိုးစိုက်ကယ်ပျော်ပျော်
လက်စားငယ်ခေါ်သည် မျက်ဝါးဖော်သူငယ်ချင်းတွေနှ
လယ်ခင်းပြန့်သမန်းပြင်မှာ အငန်းတွင်သူငါဆင်းပါလို့
မူရာချင်းမြို့သူမှီပေါင် တို့တူညီသံချိုတေးငယ်နှင့်
ဖန်ချိုအေးချိန်လောက်ဆီကို
အိမ်ရောက်မှီကြဲပြန်ရတယ်လေး
တို ထမီငယ် ဟိုဆီဖုံးရုံ
အလုံးခြုံလို့ ကုန်းပုံကညီ
ခေါင်းရေနှက်တဲ့ တဘက်နီနှင့်
ပလီလိုက်ထာ။
ဂုတ်ပေါ်ရောက်တဲ့ ဆံထောက်ဟာကို
တကြော့ချည်ရုံး လျှော့ရီထုံးလို့
ပွင့်လုံးငယ်ခတ္တာ ။
ယောင်မငိုက်အောင် ထောင်စိုက်ခါနှင့်
ကြိုက်ရှာတဲ့မောင်
မမြင်စမ်းစေရ ဘွင်ပန်းကာလောင်လိမ့်မယ်
တောခေါင်တဲ့ မြောက်ရွာကို
မရောက်လာမြို့တော်ယွန်းဆီက
ကန်သင်းခုံမို့မော်စွန်းကို
ဒီကဗျာလေးတွေကတော့ လယ်သူမလေးတွေကောက်စိုက်ပုံက
ရယ်စရာအသောလေးနဲ့ဖွဲ့စပ်ထား
ရယ်စရာပြုံးစရာရဲ့အဆုံးမှာ အလွမ်းလေးနဲ့အဆုံးသတ်ထားပုံ
တော့ လှပတဲ့လွမ်းချင်းတပုဒ်အဖြစ်
ဦးကြီး
“လွမ်းပါဘိ ငယ်ကျွမ်းဝင် ”
အရောက်ခက်ပါဘိ
မြောက်ဖက်ကယ်တဲ့တို့တောရွာ၊
ခုအခါ ရူ့စရာလယ်ညိုဝင်းချိန်မို့
ဆယ်လျှိုတွင်းပြန့်ပြက်တောမ
ကန့်ပက်ကာဆူတဲ့ငါးရယ်နှင့်။
အနားတွန့်ချဉ်ပေါင်နီကို
ဒေါ်လီကျိုတဲ့ဟင်းကိုလေး။
တလင်းကျယ်မှာ မင်းဖွယ်စိုးလောက်၊
နွားရေမခင်းမြေတလင်း ခွေထင်းခြောက်နှင့်
ခုံလောက်ကယ်ချ ဆန်နီမကို
တောင့်လှအောင်ချက် ကျွန်းဖက်ထက်မှာ၊
ခူးလက်ကယ်လျှင်စွာ၊ ပြုပြီးကာမှ၊
အရသာကြီး ခြံစပ်သီးကို
မီးမှာ မဖုတ် ညှာမဖြုတ်ဘဲ
ကဗျာတုတ်ဆောင်း ဆုံဆိုးဆိုးမှာ ကျိုးအောင်ထောင်းလို့၊
စလောင်းငယ်လဘင် အဖုံးအင်နှင့်
ယခင်ချက်ဟင်းလျာကို ချွင်းမညှာအကုန်မှောက်ပါလို
နှစ်ယောက်ပြိုင်မျိုနေကြဟာမ
နယ်မန်းခွင်စံတော်ကွန်းဆီက လွမ်းလှတယ်လေး။
ဦးကြီး
“စွယ်စုံအလှ”
ငါ့ညီပြောင်ဝင်းမောင်သစ်ဆင်
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်ပညာမှာတော်သနည်း။
တော်သည့်ခြင်းရာ ဆိုသည်မှာကား
လက်ရာဆန်းသစ် ခေတ်မှီဆန်းပြား
တိုင်းခြားနည်းစုံ အဖုံဖုံကို
တတ်ရုံမျှဖြင့် မပြီးသေး။
တို့မြေ တို့ရေ တို့အခြေနှင့်
တို့ငွေ တို့အား တို့စိတ်ထားနှင့်
စည်းဝါးကိုက်ညီ ညှိကြံစည်မှ
တော်သည်ယူဆ စွယ်စုံလှ။ ။
ဇော်ဂျီ
(အောက်တိုဘာ ၁၉၆၄)
ရှေ့ဆောင်လူငယ် အတွဲ ၁၊ အမှတ် ၃
ပန်းချီ maungmaungtinn
“ပုဂံအမွေ”
မြန်မာနိုင်ငံရဲ့
ဘူမိနက်သံ နေရာမှန်
ပုံဂံဆိုတဲ့ အောင်မြေ။
ုအနိရုဒ္ဓ ကျန်စစ်သားတို့ 
ကြီးမာတဲ့ စိတ်ဓာတ်
မြင့်မြတ်တဲ့ နှလုံးသား
ဖြူစင်တဲ့ ခွန်အားနဲ့ 
တရားဓမ္မ အခြေခိုင်ခိုင်နဲ့ 
နိုင်ငံကို အုတ်မြစ်တည်
ရွှေပြည်တော်ကြီးရဲ့ အသရေ။
ဝင်စေ ထွက်စေ
သွားစေ နားစေ
ကာလမြည်မျှ တာရှည်စေ
ပုဂံသားတို့ ရဲ့
တရားချစ်တဲ့ နှစ်လုံး
အားသစ်နဲ့  ပြုံးနိုင်ဖို့ 
ပြည့်ပုခုံး ပြည့်လက်ရုံး
ကျုံးနဲ့ နန်းတော်
ခေါင်းမော်နိုင်တဲ့ နေရာ
မြန်မာဆိုတဲ့ အလံ
ပုဂံမှာ တလူလူဝေ။
ပုဂံတရား ပုဂံဓား
ပုဂံသားတို့ ရဲ့
ကြီးမား မြင့်မြတ်
ထွန်းတောက်တဲ့ စိတ်ဓာတ်
အရောင်ဟပ်နေတဲ့
အောင်ရပ်ဌာနေ အောင်ရာမြေ။
သေးသိမ်ညံ့ဖျင်း
တရားကင်းတဲ့
အမှားအယွင်း မရှိ
ပကတိ ကျောက်သားလိုဖြူ
လူဆိုတဲ့ ဂုဏ်သိက္ခာ
မဟာ အသေရေတင့်
ကမ္ဘာမြေမှာ မြင့်တဲ့
ပွင့်လင်းသာစည်
ပုဂံရဲ့ အမွေ။
သင်တို့  ငါတို့  ဆက်ခံစေ။ ။
တင်မိုး
၂၄၊ ဖေဖော်ဝါရီ၊ ၁၉၉၉
ဗုဒ္ဓဟူးနေ့  နံက်ခင်း
“ယဉ်ပေ့တောသူ”
လေပြေငယ်သုတ်ပါလို့ ရွှေဘုတ်က အိုးအီ၊
အုံ့မိုင်းငယ်ရီ နေမီအောင်တခိုလှမ်းခဲ့ရ၊
ကောက်ငန်းက သူပြန်ပုံမှာ ခတ္တာငုံပန်းနှစ်ဆင့်ငယ်နှင်
ပန်းဝင့်လို့ရွာကိုဝင် အမြင်ဆန်းပါဘိတယ်လေး။
ညဉ့်ချမ်းရယ်နေရီ၊
ချိန်တော်မှီ ကေသီပန်းနှင့်၊
ရေခပ်လမ်းမှာ စခန်းသင့်လို့၊
ထက်ဆင့်နီရောင် ချည်စိမ်းပေါင်နှင့်၊
ယဉ်အောင်တောသူ သနပ်ခါးကွက်ပါးမှာကူလို့၊
အမူကြီးကမ်းကုန်ကို ဘယ်မြို့ပုံသာချင်သောရယ်လို
ပြောကြမယ်လေး။
ညနေအချိန်လယ်ယာလုပ်ငန်းက တက်သုတ်ရိုက်ပြန်လာရပေမယ့်လ
မိန်းကလေးပီပီ အလှအပတန်ဆာဆင်လို့လာပုံ၊
ညနေရေခပ်ဆင်းချိန်မှာလည်း သနပ်ခါးပါးကွက်ကြားနဲ့လှလှပ
ထားပုံကတော့ မြို့သူတွေထက် မနိမ့်ပါဘူးလို့ ပြောပြထားတဲ့ကဗျာလေးပါဘဲ။
ဦးကြီး
“နွေဦးရသ”
၁။
ထန်းဆော်လေပါလား
ထန်းလက်ကြားမှာတိုးဝှေ့ သွား
တော်စပ်ဆီမှာ တစ်ထောက်နား
ဥသြအဖော် စောင့်တာလား .. ။
၂။
အထက်နဘံ၊ ဇယက် (ဆက်ရက်) ညံ၍
လက်ပံနှင့်ပေါက်၊ တောလုံးတောက်ကာ
ပင်အောက်မှာကြဲ လေမှာဝဲ
ကောက်မဲ့သူက ပေါ်လာခဲ့ ... ။
၃။
သရက်ကဖူး၊ ငှက်ကမြူး၍
လေရူးကမွှေ၊ ဟောင်ရွက်ကြွေကာ
ပင်ခြေမှာကျင်း ယာမှာဝင်း .. ။
၎။
တောင်ယာ တောင်ခြေ၊ ပြုန်းခဲ့လေသည်
ထင်းခွေထင်းရှာ၊ မရပါလည်း
ရွက်ဝါဖြောက်ဖြောက် လိုက်လို့ ကောက်ကာ
ဖိုမှာထည့်လျက် ထညက် (ထန်းလျက်) ချက်ပြီ
တောက်ဘက်ဆီမှာ မွှေးပျံ့ သင်း
ထန်းဆော်လေက သုန်သုန်သွင်း .. ။
၅။
ခိုးတလူလူ ချိုးကကူစဉ်
တစ်မြူတအို ယာခရိုး၌
မိုးချုပ်သည့်တိုင် ၀ိုင်းဖွဲ့ ထိုင်ပြီ
ရာသီနွေလ မှုန်ပျပျပင်
ပင်ကျရည်က ချိုမြမြ .. ။
မောင်လင်းကြည်
ပန်းချီိ ko thurain
(အချုပ်တန်းဆရာဖေ)
မြန်မာတွေစည်းကမ်းဖောက်လို့
ထီးနန်းပျောက် ဖြစ်ပြီ၊
မှီးငြမ်းထောက်အသစ်မှီသည်
ညစ်ပလီလူမျိုး၊
မိပစ်လို့ ဖရှောင်သွေတယ်
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။
ဗမာချင်းတော့ ကြွားကြချင်
ဓားပြပင် သူခိုး
ကုလားမြင် သူ့အမေရိုးတော့မလိုပ
ခုမြေရှိုး ပုန်းရှောင်
မိုက်မနော် ပြုမဟေးတို့က
သူ့ပထွေးတော့ ခွေးသို့ မဟောင်၊
ပြောရော့ဟဲ့ ရာဇဝင်ပြောင်အောင်
ဆာသင်တောင် ဒူးချလို့
ပလူးရ ပြေးကျို့ကာ ခွေးသို့ပမာ
တွေးမိတိုင်း အရိုးနာသည်
အမျိုးပါ ဆဲချင်တော့လေး။ ။
အချုပ်တန်းဆရာဖေ
ပန်းချီ U Mar Lar
“သီတင်းကျွတ်လဘွဲ့”
လှိုင်လှိုင်သာ သင်းတော့တယ်၊ ကန်းမင်ငယ်နန္ဒာ၊ လျှံဝင်းငယ်ဖြာသည်၊ ပွင့်ရွှေကြာ မြိုင်မြိုင်နှင့်၊ ကြိုင်ကြိုင်သင်းတဲ့ လကိုလေး…..။
တူရာသီဝယ်၊ အသ၀နီကြယ်မြတ်၊ ကျီးမင်းသိန်းလည်း၊ ရောင်ရှိန်လျပ်သို့၊ သုဒသ်ကယ်နန်းလို၊ မီးမြင်းမိုရ်နှင့်၊ ၀ါဆိုကင်းလွတ်၊ သီတင်းကျွတ်မို့၊ ဘုံထွတ်ကယ်ဥကင်၊ ဖွင့်စံပယ်ရွှင်သောခါ၊ တိုင်းခွင်ကြီး အောင်ချာမှာ၊ ဆီမီးဝါထိန်ထိန်ဝင်းလို့၊ လင်းလှတယ်လေး…..။
မဟာအတုလမင်းကြီး
ပန်းချီ ma swe zin oo (13) years old
Wednesday, September 19, 2012
“ကျွန်တော်တို့ ရွာ”
ရွာကို ချစ်တယ်
တနှစ်တခေါက် အလည်ရောက်တယ်။
၇၂ ခုတက်
စက္ကူကပြတ် စက်က ရပ်တော့
ပရုဖတ်တဲ့ ကျွန်တော် အတော်ပဲပေါ့
အသော့အမြန် ရွာကိုပြန်ခဲ့တယ်။
ရွာရောက်တဲ့ည လ သာလိုက်တာ
ရွှေဝါရောင်ည လှလိုက်တဲ့ည
ဒီလိုညမျိုး ဟိုးငယ်တုန်းက
တူပုန်တန်းဆော့
ပြီးတော့
ရွာလယ်လမ်းမ လမ်းခွလမ်းဆုံ
လာသူ ခုန်အောင်
မြွေယောင်ဆောင်ထား ငန်းတော်ကျားလေ
နွားချေးတကန့်  မြေတကန့် နဲ့  ကန့် လန့် ဖြတ်တား
အနားအနီး ပုန်းပြီးနေကြ
ရယ်လိုက်ကြနဲ့  ပျော်ကြရတယ်။
အခုညဖြင့် ရင်ထဲနင့်တယ်
လနဲ့ ကြယ်တွေ ၀မ်းနဲနေတယ်
လေပြေလေညှင်း တေးချင်းမဆို
ငိုလို့ ချည်းနေ ခွေးတွေကအူ
စစ်မီးပူတုန်း ရွာပျက်ကုန်းလို့ 
အလို!
စိတ်ထဲစွဲထင် မြင်ပဲမြင်တက်
ရင်ထဲကျင်စပ် တလှပ်လှပ်ပင်
ငယ်စဉ်ဘ၀ လသာညများ
ဆုံးပါးခဲ့တာ ကြာပကောကွယ် ။ ။
မောင်အောင်ပွင့်
၂၄- ၄ - ၁၉၇၂
တနှစ်တခေါက် အလည်ရောက်တယ်။
၇၂ ခုတက်
စက္ကူကပြတ် စက်က ရပ်တော့
ပရုဖတ်တဲ့ ကျွန်တော် အတော်ပဲပေါ့
အသော့အမြန် ရွာကိုပြန်ခဲ့တယ်။
ရွာရောက်တဲ့ည လ သာလိုက်တာ
ရွှေဝါရောင်ည လှလိုက်တဲ့ည
ဒီလိုညမျိုး ဟိုးငယ်တုန်းက
တူပုန်တန်းဆော့
ပြီးတော့
ရွာလယ်လမ်းမ လမ်းခွလမ်းဆုံ
လာသူ ခုန်အောင်
မြွေယောင်ဆောင်ထား ငန်းတော်ကျားလေ
နွားချေးတကန့်  မြေတကန့် နဲ့  ကန့် လန့် ဖြတ်တား
အနားအနီး ပုန်းပြီးနေကြ
ရယ်လိုက်ကြနဲ့  ပျော်ကြရတယ်။
အခုညဖြင့် ရင်ထဲနင့်တယ်
လနဲ့ ကြယ်တွေ ၀မ်းနဲနေတယ်
လေပြေလေညှင်း တေးချင်းမဆို
ငိုလို့ ချည်းနေ ခွေးတွေကအူ
စစ်မီးပူတုန်း ရွာပျက်ကုန်းလို့ 
အလို!
စိတ်ထဲစွဲထင် မြင်ပဲမြင်တက်
ရင်ထဲကျင်စပ် တလှပ်လှပ်ပင်
ငယ်စဉ်ဘ၀ လသာညများ
ဆုံးပါးခဲ့တာ ကြာပကောကွယ် ။ ။
မောင်အောင်ပွင့်
၂၄- ၄ - ၁၉၇၂
Saturday, September 15, 2012
“ကျွဲကျောင်းသံ” (ရခိုင်တေး) မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ
ပက္ကလာယေ၊ ရိုင်-ရိုင်။
ကြိမ်သားတုတ်ကို၊ နနှောင်းကိုင်၊ ကယိုင်ကပါး
နှင်းမြိုင်မြိုင်ကေ၊ တောင်ကျိုင်ကြားမှာ
ကျွဲကျောင်းလားရေ။
အစ်ကိုမပါ၊ ညီမပါ
ကြိမ်သားတုတ်ကို၊ နနှောင်းကိုင်၊ ကယိုင်ကပါး
နှင်းမြိုင်မြိုင်ကေ၊ တောင်ကျိုင်ကြားမှာ
ကျွဲကျောင်းလားရေ။
ဟူး…ရေ…ရေ…ဟူး။
ထွေတောင်ဒေတောင်၊ ချောင်မြောင်တစ်လွှား
ပိုးပစိုင်းသံ၊ မဆူညံ
နှင်းသံဖြဖြောက်၊ ပပေါက်ဖောက်သို့ကြားရရေ။
ဂြောင်တောင်ကြောင်၊ နက်ပြောင်ခလောင်း
တောဘယံမှာ၊ သာငြိမ့်ညောင်းပျာ ကြားရရေ။
ဟူး…ရေ…ရေ…ဟူး။
အမည်မသိ ရှေးစာဆို
“ခက်ဆစ်အဖွင့်”
ပက္ကလာ= ရခိုင်တွင် ယောက်ျားတို့ အဆောင်းများသော ကျောထိလုံအောင် ဆောင်းသည့် ခမောက်ရှည်။
ရိုင်ရိုင်= လှပတင့်တယ် ယဉ်ကျေးသည်။
နနှောင်း= မြဲမြံစွာ။
ကယိုင်ကပါး= ကယိမ်းကပါး။
တောင်ကျိုင်ကြား= တောင်ချိုင့်ကြား။
ကျွဲကျောင်းလားရေ= ကျွဲကျောင်းသွားသည်။
ဟူးရေရေဟူး= အော်ဟစ်သံ။
ထွေတောင်ဒေတောင်= ဟိုတောင်ဒီတောင်။
ပိုးပစိုင်း= ပုစဉ်းရင်ကွဲကောင်။
ညံသသွား= ဆူညံနေသည်။
လီသံ= လေတိုက်သံ။
ဖြဖြောက်= ဖြောက်ဖြောက်မြည်သောအသံ။
ပပေါက်= ပေါက်ပေါက်။
ခလောင်း= ခလောက်။
တောဘယံ= တောင်ကမ်းပါးယံ။
ပျာ= ပြီးလျှင်
ကြိမ်သားတုတ်ကို၊ နနှောင်းကိုင်၊ ကယိုင်ကပါး
နှင်းမြိုင်မြိုင်ကေ၊ တောင်ကျိုင်ကြားမှာ
ကျွဲကျောင်းလားရေ။
အစ်ကိုမပါ၊ ညီမပါ
ကြိမ်သားတုတ်ကို၊ နနှောင်းကိုင်၊ ကယိုင်ကပါး
နှင်းမြိုင်မြိုင်ကေ၊ တောင်ကျိုင်ကြားမှာ
ကျွဲကျောင်းလားရေ။
ဟူး…ရေ…ရေ…ဟူး။
ထွေတောင်ဒေတောင်၊ ချောင်မြောင်တစ်လွှား
ပိုးပစိုင်းသံ၊ မဆူညံ
နှင်းသံဖြဖြောက်၊ ပပေါက်ဖောက်သို့ကြားရရေ။
ဂြောင်တောင်ကြောင်၊ နက်ပြောင်ခလောင်း
တောဘယံမှာ၊ သာငြိမ့်ညောင်းပျာ ကြားရရေ။
ဟူး…ရေ…ရေ…ဟူး။
အမည်မသိ ရှေးစာဆို
“ခက်ဆစ်အဖွင့်”
ပက္ကလာ= ရခိုင်တွင် ယောက်ျားတို့ အဆောင်းများသော ကျောထိလုံအောင် ဆောင်းသည့် ခမောက်ရှည်။
ရိုင်ရိုင်= လှပတင့်တယ် ယဉ်ကျေးသည်။
နနှောင်း= မြဲမြံစွာ။
ကယိုင်ကပါး= ကယိမ်းကပါး။
တောင်ကျိုင်ကြား= တောင်ချိုင့်ကြား။
ကျွဲကျောင်းလားရေ= ကျွဲကျောင်းသွားသည်။
ဟူးရေရေဟူး= အော်ဟစ်သံ။
ထွေတောင်ဒေတောင်= ဟိုတောင်ဒီတောင်။
ပိုးပစိုင်း= ပုစဉ်းရင်ကွဲကောင်။
ညံသသွား= ဆူညံနေသည်။
လီသံ= လေတိုက်သံ။
ဖြဖြောက်= ဖြောက်ဖြောက်မြည်သောအသံ။
ပပေါက်= ပေါက်ပေါက်။
ခလောင်း= ခလောက်။
တောဘယံ= တောင်ကမ်းပါးယံ။
ပျာ= ပြီးလျှင်
Tuesday, September 11, 2012
“မောင်ကြီးတို့ ပျော်စံရာ”
မလွမ်းရော့သော်ကော
ကျွန်းမော့မော့မြောက်ခွင်
မူးရေယဉ်လက်ျာစီးပါလို့၊
မောင်ကြီးတို့ပျော်တဲ့ရွာ။
မြောက်ညှာနှင့်တောင်စွယ်
လက်ကယ်က၊
အင်းနှစ်ဘက်ကာတယ်လေး။
တစ်ခေါက်ကယ်လမ်းဆုံ
ရွာသဘောကိုပြောမယုံသော်
ကြုံလျှင်ဝင်ခဲ့ပါလားနော်အေ ၀း။
နှစ်မပြာဖြူ ရောက်တော်မူလျှင်၊
မပူချမ်းငြိမ်း အခြင်ရယ်မြေနီး၊
ထန်းရွက်ကယ် စီးပါတဲ့၊
မောင်ကြီးအိမ်မှာစည်းစိမ်င ယ်ခံ၊
ဟင်းချဉ်ပေါင်ဘက် ပြုတ်ဘူးရွက်နှင့်၊
ပိချက်ရေ ရံပြီးလျှင်၊
ဆန်ထမင်းရဲကျော်ကို
ဝန်ကတော်ပုံလောက်ပြေးအောင်၊
ကျွေးပမယ်လေး။
ဦးကြီး
ရတနာပုံနေပြည်တော်သတင်းစာ မှ
ဒီကဗျာလေးကတော့ မူးမြစ်ပါတ်ဝန်းကျင်မှာတည်ရှိနေတဲ့ရွာမှာနေသူ ယောက်ျားလေးက
မိန်းကလေးတစ်ဦးကိုဖိတ်ခေါ်ပုံဖြစ်ပါတယ်။
သူတို့ရဲ့ထန်းလက်မိုးတဲ့အေး ချမ်းတဲ့အိမ်လေးမှာ ဘယ်လိုဧည့်ခံမယ်ဆိုတာကိုပြောပြတဲ့
ကဗျာလေးဖြစ်ပါတယ်။
ကျွန်းမော့မော့မြောက်ခွင်
မူးရေယဉ်လက်ျာစီးပါလို့၊
မောင်ကြီးတို့ပျော်တဲ့ရွာ။
မြောက်ညှာနှင့်တောင်စွယ်
လက်ကယ်က၊
အင်းနှစ်ဘက်ကာတယ်လေး။
တစ်ခေါက်ကယ်လမ်းဆုံ
ရွာသဘောကိုပြောမယုံသော်
ကြုံလျှင်ဝင်ခဲ့ပါလားနော်အေ
နှစ်မပြာဖြူ ရောက်တော်မူလျှင်၊
မပူချမ်းငြိမ်း အခြင်ရယ်မြေနီး၊
ထန်းရွက်ကယ် စီးပါတဲ့၊
မောင်ကြီးအိမ်မှာစည်းစိမ်င
ဟင်းချဉ်ပေါင်ဘက် ပြုတ်ဘူးရွက်နှင့်၊
ပိချက်ရေ ရံပြီးလျှင်၊
ဆန်ထမင်းရဲကျော်ကို
ဝန်ကတော်ပုံလောက်ပြေးအောင်၊
ကျွေးပမယ်လေး။
ဦးကြီး
ရတနာပုံနေပြည်တော်သတင်းစာ မှ
ဒီကဗျာလေးကတော့ မူးမြစ်ပါတ်ဝန်းကျင်မှာတည်ရ
မိန်းကလေးတစ်ဦးကိုဖိတ်ခေါ်ပ
သူတို့ရဲ့ထန်းလက်မိုးတဲ့အေး
ကဗျာလေးဖြစ်ပါတယ်။
“ပျိုးကြဲ ပျိုးစိုက်ဖွဲ့” (လွမ်းချင်း)
မိုး-စရိုက်ပေမို့၊
ပျိုးစိုက်ကယ် ပျော်ပျော်၊
လက်စားငယ်ခေါ်သည်၊
မျက်ဝါးဖော် သူငယ်ချင်းတွေနှင့်၊
လယ်ခင်းပြန့် သမန်းပြင်မှာ၊
အငန်းတွင် သူငါဆင်းပါလို့၊
မူရာချင်း မြို့သူမှီပေါင်၊
တို့တူညီ သံချိုတေးငယ်နှင့်၊
ဖန်ညိုအေး ချိန်လောက်ဆီကို၊
အိမ်ရောက်မီ ကြဲရပြန်တယ်လေး။ ။
တိုထဘီငယ်၊
ဟိုဆီဖုံးရုံ၊
အလုံးခြုံလို့၊
ကုန်းပုံကညီ၊
ခေါင်းရေနှက်တဲ့ တဘက်နီနှင့်၊
ပလီလိုက်တာ၊
ကုပ်ပေါ်ရောက်တဲ့ ဆံတောက်ဟာကို၊
တကြော့ချည်ရုံး၊
လျော့ရီထုံးလို့၊
ပွင့်လုံးငယ် ခတ္တာ၊
ယောင်မငိုက်အောင်၊
ထောင်စိုက်ကာနှင့်၊
ကြိုက်ရှာတဲ့မောင်၊
မမြင်စမ်းစေရ၊
သွင်ပန်းကာ လောင်လိမ့်မယ်၊
တောခေါင်တဲ့ မြောက်ရွာကို၊
မရောက်လာ မြို့တော်ယွန်းဆီက၊
ကန်သင်းခုံ မို့မောင်စွန်းကို၊
လွမ်းလိမ့်မယ်လေး။ ။
ဦးကြီး
ပန်းချီ u saw hlaing
ပျိုးစိုက်ကယ် ပျော်ပျော်၊
လက်စားငယ်ခေါ်သည်၊
မျက်ဝါးဖော် သူငယ်ချင်းတွေနှင့်၊
လယ်ခင်းပြန့် သမန်းပြင်မှာ၊
အငန်းတွင် သူငါဆင်းပါလို့၊
မူရာချင်း မြို့သူမှီပေါင်၊
တို့တူညီ သံချိုတေးငယ်နှင့်၊
ဖန်ညိုအေး ချိန်လောက်ဆီကို၊
အိမ်ရောက်မီ ကြဲရပြန်တယ်လေး။ ။
တိုထဘီငယ်၊
ဟိုဆီဖုံးရုံ၊
အလုံးခြုံလို့၊
ကုန်းပုံကညီ၊
ခေါင်းရေနှက်တဲ့ တဘက်နီနှင့်၊
ပလီလိုက်တာ၊
ကုပ်ပေါ်ရောက်တဲ့ ဆံတောက်ဟာကို၊
တကြော့ချည်ရုံး၊
လျော့ရီထုံးလို့၊
ပွင့်လုံးငယ် ခတ္တာ၊
ယောင်မငိုက်အောင်၊
ထောင်စိုက်ကာနှင့်၊
ကြိုက်ရှာတဲ့မောင်၊
မမြင်စမ်းစေရ၊
သွင်ပန်းကာ လောင်လိမ့်မယ်၊
တောခေါင်တဲ့ မြောက်ရွာကို၊
မရောက်လာ မြို့တော်ယွန်းဆီက၊
ကန်သင်းခုံ မို့မောင်စွန်းကို၊
လွမ်းလိမ့်မယ်လေး။ ။
ဦးကြီး
ပန်းချီ u saw hlaing
Sunday, September 9, 2012
“တို့ ကဆိတ်တို့ ကနန်း”
ပလွေသံဆိတ်
တိတ်
နွားကျောင်းသားအရိပ်
အိပ်။
ဟိုဘက်ကမ်း မီးမထိန်
မကတိုးအိမ်
ငြိမ်။
ကတ္တီပါဆိုတဲ့ ခွေး
ငေး
ထမင်းဟင်းကျန်လေး
ဝေး။
မိုးကုတ်စက်ဝန်း
မှန်း
အပြာရောင်သန်း
လွမ်း
မှန်းတယ်လေ့ လွမ်းတယ်လေ့။ ။
မောင်အောင်ပွင့်
၈ - ၆ - ၁၉၈၆
“လက်ပံပွင့် ”
လာဟေ့ ဒွါး………..
သွားကောက်ချည်စို့၊
ပွင့်ခြောက်ကယ်အနားလန်၊ဆက်ရက်ကယ်ညံ၊
ပင်လက်ပံကြွေချိန်ကျပြီမို့၊
မိဇံလှ နင်လိုက်အုံးမလား၊
သုံးစိတ်ဝင်ထန်းလျှော်တောင်းရယ်နှင့်၊
ပေါင်းလန်မှ ပြန်ကြမယ်လေး။
အရီးသာလုံးကြေးကိုင်တုံးက၊
တို့အိမ်တောင်က ကျန်စုံကုန်း၊
တနေ့တုန်းလဲကာသေ။
သားရေနှင့်အမဲနံ၊လက်ပံနှင့်ချိုင်ရလျှင်၊
ကျိုနှိုင်လေ မွမွပျောင်းတာမို့၊
ပြောင်းဆန်အို မျိုမကျရယ်နှင့် မြိန်လှတယ်လေး။
ဦးဆောင်း
ပန်းချီ ဦးမာလာ
“လင်းအာရုဏ် ရွာ အလှ”
ဂိမ္မန်နွေနှောင်း တစ်ဖန်ပြောင်းဘိ
မိုးလခါဝယ် ဝဿန် တိမ်တောင်
မိုးစက်ပြောင်၍ အာရုဏ်က ကျင်း
ရောင်နီလင်းသော် ရွာဦးရယ်ဆီ
ဘုန်းတော် ကျောင်းညို ''' ဘွန္ဒော'''' သံရယ်ပြို ။ ~~~ ။
မိုးလခါဝယ် ပျိုးကောက်မယ်သာပ
ဖြိုးမောက်မယ့် ကျဉ်စပါးတွင်း
ပျို တို့ မောင် တောင်သူကြီးက
မိုးသောက်ယံ တောင်ယာဆင်းပေါ့
ဟန်သင့်ရယ်ပြင်
လယ်တောခွင် ယာမြေဆင်းရန်ပ
နွားတင်းကုတ်ဆင်း ။ ~~~ ။
ရွာဦးရယ်ဆီ
အုန်းမောင်း ရယ်ထိုးဘိ
“ရှင်လူထွက်သစ်”
ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောင်းမတို့လေ
ရှင်လူထွက်သစ်၊ ဆယ့်သုံးနှစ်က၊ ချစ်တဲ့သူကို
အယူတခြား၊ မိထွေးများက၊ ဆီးတားဆို
ရစ်ကို ထောင်ကာ ထားရတယ်။
နွမ်းနယ်တစေ့၊ ရှေးကပါ၊ ကြမ္မာငွေ့ကြောင့်
မတွေ့ရတာ၊ ကြာတောင်းကြာမှ
မျက်နှာတူရူ၊ သူလည်း အလာ၊ မယ်သာ အမျှော်
နေ၀င်ကျော်၊ ဒွေးတော်အိမ်ပါး၊ တောင်ဆီနားသို့
ယာသွားပို့ပြန်
စောင်လျားခြံနှင့်၊ လက်ပံပင်ရှေ့၊ ကျဉ်းမြောင်းကွေ့
တွေ့သောခါ
ပုဝါ ယက်သစ်၊ မယ်ကပေးတဲ့၊ ပိုးသေး မည်းပါ၊ ခေါင်းပေါင်းပြာ လည်မှာရစ်လို့
ဖွင့်လှစ်ကယ် မဆို၊ ပခုံး ဘယ်တင်၊ မယ့်ကျောပြင်၊ လက်တင်ရပ်လို့၊ မတ်တတ်ကယ်ငို။
မောင့်ကိုစိမ်းကား၊ မယ်နှမက ဆိုသလား
တို့ချစ်ခြင်း ကွင်းအောင်တစေ၊ နေ့တိုင်းမွှေတဲ့
သက်ကြီး ၀န်တို၊ မြင်တိုင်း မုန်းစရာ၊ ကုန်းမအို
ရေလို ခန်းခြောက်ပါစေသား။
ရှင်ငြိမ်းမယ်
ပန်းချီ U Saw Hlaing
“ထန်းတက်သမား”
နွေဦးကာလ မြူထသောအခါ
ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ။
ဓါးနှီးထက်စွာ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်
ကလိုင်လွယ်က တက်သည်နှင့်လေး။
ထန်းပင်ထန်းလက် ထန်းရွက်ကယ်ဝေေ၀
စင်အောင်ခုတ်ထစ် နုမျစ်ကယ် ထန်းဦးရေ
မယားငယ်ဆွေ ထန်းရေသိမ်းဆည်း
သားမြေးဟစ်ကြော် ခွေးဝက်ကယ်ခေါ်
ထန်းရှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။
ခေါ်သံရိုက်ဟည်း လူလည်းကြော်ငြာ
ခွေးဟစ်လူဟစ် ခတ်ပစ်ကယ်ချောက်သောခါ
ပတတ်ယုန်ခါ တောမှာရှိကြ
ငုံးကြက်ကယ်ဖွတ်မြွေ ၀ံပုလွေ မနေထွက်လာကြသည်တည့်လေး။
ဝမ်းသာအားရ မယားကတသွယ်
ဟင်းရွက်ဆိုးကောင်းသောင်းပြောင်း ရော၍လွယ်။
လင်ကတသွယ် ယုံငယ်ကစ
တောသတ္တသါတွေ့တိုင်းကိုသာ
အိတ်မှာသာယူ၍ချသည်နှင့်လေး။
သို့နှင့်ရောက်က ခဏအောင့်လျှင်
တံစို့ထက်ကယ်နှင့် ထန်းလျက်ဖှိုမှာကင်။
ဟင်းအိုးဆူလျှင်အကင်ခတ်ပြီး
အိုးခင်းနှင့်လှော် ရေနှင့်ကြော်
မိုးမျှော် ငရုတ်သီးငယ်နှင့်လေး။
နှီးဒေါင်းလန်းကြီး ခူးပြီးသောခါ
သမီးနှင့်သားများလို့မ၀င်သာ
ဒူးတဖက်ဟာတွန်းကာဖယ်လျှက်
သူထက်ငါလေ စားတော့မည်စေ
စားပေသာလှ အုံးခွက်ကယ်နှင့်လေး။
ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်
ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်။
ဝန်ကြီးပဒေသရာဇာ
ပန်းချီ ဦးမာလာ
"အမည်မသိကဗျာ"
မြန်မာနိုင်ငံ၏ ပထမဆုံးသော သတင်းစာ ဆရာကြီးဖိုးဝဇီရက ရတနာပုံသတင်းစာ၌ ရေးဖွဲ့ခဲ့သော ဟာသကဗျာလေးပါ .... ခေါင်းစဉ်တော့ မသိပါဘူး
ရှားရှားပါးပါး ခေတ်ဟောင်းက ဟာသ ကဗျာလေးပါ ..........
ငါငယ်ငယ်ခိုက်ကယ်က
မိုက်မိတယ် စောကြွယ်ရယ်
ဒွေးပိန်ရဲ့တူ ငသာမြတ်နဲ့
သနပ်ကန် တောင်ယာထဲမှာ
ကျွဲကျောင်းရတယ်။
တကြော့တမော့ အကျွန်ကန်တော့ပါရဲ့
အပေါ့အလေးများ သည်တွင်သွားရင်ဖြင့်
တောဖျားကနတ် ဖမ်းစားတတ်သည်ဟု
ငသာမြတ်ပြောသောအခါ
တောထဲမှာစောကြွယ်ရယ်
တကယ်ငါယုံမိသေး။
တကြော့တမော့ အကျွန်ကန်တော့ပါရဲ့
အပေါ့ပေါက်ရန် အိမ်ကိုပြန်ရင်
နင့်အထံတွင် ငါ့ဟာတဆိတ်စာ
ထည့်လိုက်ပါရစေတဲ့။
တကယ်အေရယ် ငသာမြတ်နှစ်ခါတွယ်လို့
သက်နှစ်ဆယ်အရွယ် ရှိကာမှ
ငါသိတယ်လေး။
တမာမြို့  မှ
ပန်းချီ aung min KM
“ထာဝရ”
အလင်းဖြန့်သူပေမယ့်
ပူလိုက်တာလေ "နေ"တဲ့...
အေးတော့အေးပါရဲ့
ကိုယ်ပိုင်အလင်းတော့ မဟုတ်
"ဆုတ်"တစ်ခါ"ဆန်း"တစ်ခါ
မသာတစ်လှည့် သာတစ်လှည့်
မာယာနဲ့ဟန်ပြ "လ"တဲ့.......
"ကမ္ဘာ"ကကုန်းချော ပြောရင်းမောရုံ
မဆုံနိုင်ပဲ ချစ်တယ်
စင်္ကြာဝဠာရဲ့ "ပတ်လမ်း"ထဲ
"သမုဒယ"ဆွဲအားတွေနှင့်
လွင့်မြောသံယောစဉ် အရှိဆုံးက
ချစ်သူတွေပါကွယ်.......
မောင်စိန်ဝင်း ( ပုတီးကုန်း )
“လှည်းကျိုးစီးတဲ့ခရီး”
သက္ကရာဇ်
အပုပ်အသိုးတွေကို
လှည်းကျိုးအောင် ထမ်းတင်ပြီး
ခယောင်းပြင်မှာ မောင်းနှင်ခဲ့တဲ့
မဟာခရီးကြမ်းကြီးမှာ။
နေရာကလေးတခုအတွက်
အလုအယက် အကန်အကျောက်
အိပ်ပေါက်နဲ့ ဖားကောက်ရသလို
ဟိုကယို သည်ကဖိတ်နဲ့
စိတ္တဇလူနာတွေ ပြည့်သိပ်လျက်နေ၏။
စမြိန်စာကလဲ
မြိန်စရာမရှိ။
သဲချောင်းလမ်းမှာ
လှည်းမောင်းတမ်း ကစားနေရသလိုရှိ၏။
လှမ်းသာလှမ်းခဲ့ရ
ပန်းတိုင်က ဘယ်မှာမှန်းမသိ။
မသိခရီးမှာ
သတိကြီးကြီးထားဖို့လို၏။
ဖူးငုံလဲရှိ ဆူးချုံလဲရှိ။ ။
တင်မိုး
(၁၁၊ ဧပြီ၊ ၁၉၉၉)
“ကြိုပါ့မယ်”
စန္ဒာရောင်ရှိန် ထိန်ထိန်လင်းတော့
အိမ်ပြတင်းက ပျိုမျှော်တာ။
ချစ်ဆုံးသက်လျာ လာမယ်လားလို့
ပျိုစောင့်စားလို့ မှန်းဆကာ။
တမ်းတပါသော် ပေါ်လာခဲမို့
ရွှေရင်ထဲမှာ ဖိုမိရှာ။
ပျိုလေးကြင်သူ ပြွေကျူညှင်းလို့
ဖိုးလမင်းကို အဖေါ်ခေါ်ကာ။
လှမ်းပါ၊ မြန်းပါ။
တာတာတီတီ ပြီပြီသဲ့သဲ့
တီတီတွဲ့နဲ့ လေထဲမှာ။
ပျံဝဲလို့သာ ပျို့ရင်တွင်းကို
ကျူသီချင်းလေး ၀င်လို့လာ။
ခင်ပျို့ကြင်သူ လူညိုထွေးတော့
ဟိုအဝေးက လာနေရှာ။
ပျိုလေးခင်မှာ အချစ်လေးကို
လ,ရောင်အေးက ပြေးကြိုမှာ
ဝမ်းသာ ၀မ်းသာ။ ။
ငွေတာရီ
“နိုးလော့ ဒို့ မြေ နိုးပါချေ”
ပင်လယ်ပြင် ပင်လယ်ပြာ
ရှုခင်းသာ ရှုခင်းစိမ်း
ငြိမ်းချမ်းတဲ့ကွေ့ တကွေ့ ။
တန်ဆောင်း ပြသာဒ်လား
ရှားစောင်း လပပ်လား
အပင်မတ်မတ် တိုက်ပရပ်
ဆူအထပ်ထပ် မဒုမ္မာ
ဖရဲသီးလို ပုံပမာ
စုံစွာ ကြုံရာ အပူပိုင်းအပင်များ
နတ်တို့ ဖန်တဲ့ ဥယျာဉ်ပါ။
တောင်သာ တောင်ခြေ
သဲချောင်းမြေ ရှားပင်တော
ကန္တာရပင်တွေကလဲ ပေါပါပေ့
ပြောချင်ဘု ငါတို့ အရပ်
အမှတ်ရ လွမ်းမိတယ်။
ထန်းပင်မြင့်မြင့်
စခန်းကလဲသင့်
ခွက်ဆင့်လို့  သောက်ချင်သလို
ထန်းရေချို ထန်းရေခါး
ကြက်သားနဲ့  မြည်းချင်လှ
မန်းကြီးပင်ရိပ် တမာရိပ်
ထနောင်းပင်ရိပ် ခြောင်းပြင်ထိပ်
အတိတ်တွေ အလွမ်းဝင်ရင်း
ကမ်းတခွင် ဥယျာဉ်စခန်းက
တောပန်း တောင်ပန်းတွေ ခူးပြီး
ကြည်နူးစွာ ပြန်ခဲ့တယ်။
စပိန်ဆိုတဲ့ ဥရောပမြေမှာ
တမာတွေ မန်းကျည်းတွေစိုက်
ဆိတ်ကြိုက်တဲ့ ဆီးပင်တွေပျိုးကာ
ချစ်ကြိုးသွယ်ရ ကောင်းလေမလား။
တို့ နိုင်ငံ တို့ မဖန်းတီးရသေး
တို့ အလှ တို့ မဆင်ရသေး
တို့ နောင်တ မျိုးစေ့တောင် မချရသေး။
နိုးလော့ ဒို့ မြေ နိုးပါချေ။ ။
တင်မိုး
၂၇၊ အောက်တိုဘာ၊ ၁၉၉၉
ဗုဒ္ဓဟူးနေ့  နေ့ လယ်ခင်း
“ကုံရာသီ”
လက်ပံငုံဖူး၊ ဇရက်ကယ်မြူးလို့၊ ပေါက်ဖူးငယ်လျှံသည်၊
ဂိမှာန်နွေဘက်က ကျင်းတော့မယ်။
ဟေမန်အသုန်း၊
ကိုက်ဖူးပုရစ်၊ ရွှေချပ်စစ်ကို၊ လေလှစ်တုန်းမို့၊
နောက်ဆုံးနာရီ၊ ကျွန်းကလို့မှီ၊
ရောဟဏီမင်း၊ တောက်ပ၀င်းသည်၊
သွင်းသန်ကောင်လောက်၊ တီးနှစ်ချက်လဲ၊ ချိန်စက်ရောက်က၊
သံကောက်မာဃ၊ ကြယ်ဓူဝသို့၊ အာကာသဆိုင်၊
ခြည်ဝါရောင်ဆင့်၊ ယုန်စန်းပွင့်နှင့်၊ မွန်းတင့်ငယ်ဆိုင်သည်၊
ခရိုင်ရွှေမြို့လင်းတော့မယ်။
ထန်းရည်နင်း၊ ပေါက်ကင်းတဲ့လဲ့ငုံ။
ဇရက်ကယ်သာကာနှင့်၊ ယော်ရွက်ဝါတမာနု၊ လွမ်းသူ့ပူပုံ။
စရိုက်ကယ်လှုံ၊ ပင်မြုံမြင့်သိုက်နန်း၊ ထွက်စီးငယ်ဝှန်၊
ကျောက်စက်ကယ်ရေတံခွန်နှင့်၊ ဟေမ၀န်သာယာနုပါဘိ၊ ယွန်းလုနွေဆန်း။
ဦကြင်ဥ
ပန်းချီ Myat Kyaw
“တောစပ်ကသာ ကြိုပါတော့”
“အမေကမှာတယ်...
ကားမစီးရဲလို့ ...
သားကြီးပဲ ပြန်ခဲ့ပါတဲ့...။"
"သဲချောင်းတလျှောက်
လှဲ(လှည်း)မောင်းလို့ ရောက်ရင်
တစ်ခေါက်လောက် လာချင်သား တဲ့...။"
"ထန်းမြစ်က တစ်တွဲနှစ်တွဲ
ပဲနီက တစ်ပြည်နှစ်ပြည်
ပုံးရည်က တစ်အိုးနှစ်အိုး
တန်ဖိုးမရှိပေမယ့်
ကိုယ့်ဇာတိ ကိုယ့်အစာ
အကဲ မပါပေမယ့်
လှဲ(လှည်း)လာရင် တင်ခဲ့မတဲ့...။"
“နေပါတော့အမေ
ကားမစီးရဲတော့
သားကြီးပဲ ပြန်ခဲ့ပါ့မယ်.....”
“နွားညီနောင် လှဲ(လှည်း)တပ်လို့ 
တောစပ်ကသာ ကြိုပါတော့... ”
မောင်လင်းကြည်
ပန်းချီ ဦးမာလာ
Wednesday, September 5, 2012
“လယ်သမား”
ဝဿန်ကာလ မိုးကျတည့်လျှင်၊
ပျော်ပျော်ပါးပါး မယားနှင့်ဆွေငယ်လင်၊
လက်တွဲငယ်ခြငင် ကိုယ်တွင်အ၀တ်
ပုဆိုးအင်္ကျီစုတ်ပြဲပြီ ချည်ဗောင်းနီတွတ်တွတ်ကယ်နှင
မိုးရေစွတ်လို့ အ၀တ်ကယ်မပါ
သားသမီးကို ကိုယ်ထီးပွေ့လို့သာ
ဆေးတံတထွာ ကိုက်ကာထွန်ရင်း
လယ်ကွက်ကယ်တခွင်
ထွန်ရေးငင်သည်
ရေ၀င်ပုစွန်တွင်းငယ်နှင့်လေ
ဖားပေါင်စင်းငယ် ခြင်းပလိုင်းဝယ်
ခရုပီလော ရောနှော၍သာလွယ်။
ဟင်းရွက်ကယ်နုနယ် တသွယ်ကန်စွန်း
ဆူးပုပ်ကယ်ကင်းပုံအလုံးစုံ
ဖူးငုံသာရောပြွန်းသည်နှင့်ေ
ချိုလည်းချိုလွန်း ရည်ရွှမ်းများစွာ
ကြံ့ဟင်းကြွက်နားပေါင်းသောင
အိမ်သို့ရောက်သောခါ လျင်စွာချက်ပြုတ်
ထမင်းကပူ ဟင်းကပူ
ရှူရှူသာရှမ်းငရုတ်ကယ်နှင့်
အလုပ်ကယ်ဧရာသာ ငုံ့ကာလွေးတော့သည်။
သားမြေးငယ်မာချာ ဘယ်ညာထွေးတော့သည်။
ဝန်ကြီးပဒေသရာဇာ
Monday, September 3, 2012
“ရွှေမြောင်းရွာ”
ရွှေမြောင်းရွာတောင်
ကျောင်း ဆယ့်နှစ်ဆောင်
ဆယ့်နှစ်ဆောင် ပျဉ်ထောင်ကြား
ခိုညည်းသံကြား
ရွှေမြောင်း ရွာ သာပါစ
ရွှေ မြို့ နေမေး
သာပါရဲ့ ရွာနံဘေးမှာ
ရိုးရေက ဖွေး
Sunday, September 2, 2012
“မပူပေါင်”
လွမ်းမပြေ မန်းမြေက တ မိပါတော့၊
ကမ်းခြေမှာ စမ်းရေကျတယ်နှင့်၊
အိုကွယ်... ဖျန်းလေက တသုန်သုန်။
တဲတစ်ဖက် ဆွဲဖျက်ကာ အလျင်လိုရော့သထင့်၊
ကရင်အို ယာပြင်ကြီးမှာကွယ် ...
မီးထည့်လို့လှုံ။
မပူပေါင် နောက်ဆီက ချမ်းရော့သထင့်၊
အဖြူစောင် ခေါက်ထည်ကြမ်းကိုတဲ့
လှမ်းတယ်လို့ လွှားကာခြုံ၊
ပါးမှာ ငုံပါတဲ့ နုရွှေကွမ်း။ ။
ဘေးအိတ်မှာလျှို၊
ဆေးလိပ်တို နားမှာ ထိုးပါလို့၊
တောင်ရိုးမှာ ဘာသာ သူတို့၊
ကွင်းအငူ နှင်းမြူကလဲ ကွဲချိန်မို့၊
အမိုးခေါ် ဖိုးစော်ကဲတို့ရယ်၊
အိုကွယ်... တဲပျက်စခန်း။ … ။
အချုပ်တန်းဆရာဖေ
ပန်းချီ ဦးမာလာ
Subscribe to:
Posts (Atom)