Monday, August 27, 2012
“တိမ်ရဲ့ခြေရာ”
မိုးသက်လေပြင်း တ၀င်းဝင်းပြက်၊
လျက်စီးလက်စဉ် ကောင်းကင်ပိတ်ကား၊
တိမ်ရုပ်များကို ငါကားမျှော်ကြည့်၊
တွေ ငေးမိခဲ့... လေမုန်းတိုင်းက တိမ်လှိုင်းတိမ်တောင်၊
ပြာမှောင်ခဲသား သယ်ဆောင်သွားနေ၊
တိမ်ရုပ်တွေဆင် အသက်ဝင်လျက် ကောင်းကင်အနှံ့ ၊
ဆေးခြယ်ထား ...။
ကြည့်ရင်းကြည့်ရင်း မြင်ကွင်းထဲမှာ၊
ဗမာပြည်မြေပုံ တိမ်ရုပ်ပုံခဲ၊
လေထဲစီးမြော ပေါလောပါလာနေ... ကြည့်ရင်းနဲ့ ပဲ၊
မုန်းတိုင်းထဲမှာ ဗမာပြည်အလှ၊
ကြေမွလွင့်စင် နှင်းဆီပွင့်ချပ်၊
တဖျတ်ဖျတ်ကွဲသွား.... ထိခိုက်ကြေကွဲ ရင်ထဲစူးနင့်၊
ခံစားပွင့်က ကြာမြင့်ခဲ့ပြီ၊ ညှိုးသည်မရှိ ကြုံမိစဉ်ခိုက်၊
တိုက်ဆိုင်သည့်ခါ ဝေဒနာသည် အနည်ပြန်ထ၊
ခံစားရမြဲ ... တကယ်မှာလဲ အာဏာရှင်များ၊
ဖန်တီးထားဆဲ မုန်တိုင်းထဲမှာ၊ ဗမာပြည်အလှ ကြေမွလွင့်စင် ... ။ ။
( တင်မိုး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment