Wednesday, April 25, 2018

* ငှက်သိုက်*


ပင့်ကူမျှင် မြက်ခြောက်နဲ့
ငှက်ဆောက်တဲ့အိမ်။

ကိုင်းအောက်မှာ သူတွယ်လို့
ယူသယ်ပို့ အကြိမ်ကြိမ်။

အသိုက်လေး ပြီးချိန်
စည်းစိမ်ဘို့ မဟုတ်သေး။

ဘဝ တခုစ
အမ ဥချ ရက်ရောက်လို့
ငှက်ပေါက်တို့ ရှင်သန်တဲ့အခါ
အပြင်ရန် တွေမကြောက်ရအောင်
ဆောက်တဲ့ အိမ်ကလေး။

ညီညီ (ပေါင်းတည်)
၂၅-၄-၁၈

No comments:

Post a Comment