ကဗျာဥယျာဉ်
ရွှေရောင်အိပ်မက်ကဗျာများ ခံစားမှုရသ
Pages
Home
ကဗျာဆရာကြီး ဇော်ဂျီ၏ဗေဒါလမ်းကဗျာများ
ဆရာဇော်ဂျီ၏ သင်သေသွားသော်
Saturday, December 2, 2017
*ရစ်ထုံးနွယ်*
෴ ရစ်ထုံးနွယ် ෴
တီတာတာ ကြွယ်
သည် မာယာ နွယ်ရစ်လို့
ချစ်မိလေသလား။
ထပ်ထပ်ခါ
ပတ်ပတ်ချာ ရစ်ထုံးနွယ်ကြောင့်
အချစ်ဆုံးတကယ် ဖြစ်လို့သွား။
ညီညီ (ပေါင်းတည် )
Friday, December 1, 2017
မာယာနွယ်
ယိမ်းတယ်လို့ထင်
စိမ်းဆင် မို့ မရဲ
လွယ်မယောင်
နွယ်ထောင် ကမ်းသလိုပါ့
မှန်းရခက်ခဲ
ညီညီ (ပေါင်းတည်)
Wednesday, April 19, 2017
* ပုရစ် ကောက်ပွဲ *
မုတ်သုန်မြူးချိန်
လေရူးမွှေနှောက်
မိုးစက်ပေါက်တို့
သွေ့ခြောက်မြေပြင်
ဖျန်းပက်စဉ် ။
ပူရှိန်ခိုးကြွ
မိုးရွာညမှာ
ပိုးကျမီးရောင်
တာလမ်းပြောင်ထက်
အတောင်ကျိုးကြေ
ပုရစ်တွေ ။
မာကျူရီအောက်
တဖျောက်ဖျောက်ကျ
ကောက်ကြပျော်ပျော်
ဟစ်အော်ပြေးလွှား
ကလေးများ ။
သြော် …… မြွေမကြောက် ကင်းမကြောက်
ကားတိုက်မှာမကြောက်
တအားလိုက်ကာကောက်
ဝမ်းတစ်ထွာ အတွက်မခံသာ
သံသရာ အပြစ်မကြောက်
ပုရစ်ကောက်ကြတဲ့ည ။
Ko Chit
Wednesday, January 4, 2017
ʚ|ɞ အိပ်မက်ခြေရာ ဝေဒနာʚ|ɞ
အနေမကြာလို့ မဖြေသာ
ပြည်တရွာ ဟိုဘက်ကမ်း
လှမ်းခဲ့ရတာ .....
ခွဲရက်ကကြာ
လာရက်ကနဲ
အသဲမာ အခါခါထပ်
တလှပ်လှပ်ခုံတဲ့ရင်
ပုံပြင်တွေနားထောင်နေစဲ
ပန်းချီကားတချပ် ကိုရေးဆွဲ
အိပ်မက်ထဲကပုံတွေ
အကုန်မပါသေးပါလား… ။
စုတ်ချက်မစုံ ပုံတွေမလှလွန်းပေမယ့်
ဘဝ ပေးတဲ့အချိန်
တိမ်တောက်သလို နေဝင်ကာနီးမှ
လှချင်တိုင်းလှ ..... ။
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)