✾ အရုဏ်ဦး စာပန်းချီ ✾
အရုဏ်ဦးမှာ ကြည်နူးစွာဖြင့်
တန်ကူးချိန်ခါ တိမ်လွှာကွက်ကျား
ငှက်များတေးသီ စာပန်းချီ ။
~~~~~~~~~~~~~~~~~~~~~~~
๏ ညအမှောင်ခွင်း အရုဏ်ကျင်းသော်
ကျေးငှက်အော်မြည် တုံးသံဟီ၏
မပီဝိုးဝါး မြူနှင်းကြား ။
*****************************
๏ လင်းကြက်တွန်သံ လွင့်ပျံဟစ်ကြွေး
အသံပေးကာ နိုးထပါလော့
ရောင်နီဝင်းဖြာ အရှေ့မှာ ။
*****************************
๏ လောကအလင်း ရှင်နေမင်းလည်း
ရောင်ခြည်ယှက်ဖြာ ပေါ်ထွက်ကာစ
ဝင်းပကြည်ရွှင် ထက်ကောင်းကင် ။
******************************
๏ နေ့သစ်မွေးဖွား သဘာဝကား
လှုပ်ရှားသက်ဝင် အားပြင်ရုန်းထ
ဘဝမျိုးစုံ ကကြိုးကုန် ။
******************************
๏ အရုဏ်နံနက် ဆီးကြိုငှက်တို့
ကိုင်းယှက်ကူးပျံ သောသောညံ၏
ပင်ယံထက်ဖြား ဆက်ရက်များ ။
******************************
๏ ဆည်းလည်းခတ်သံ လွင့်ပျံရစ်ဝဲ
လေပြည်ထဲဝယ် ဥသြငယ်တွန်
လေချွန်ကာသွား ငှက်ရင်ကျား ။
******************************
๏ တေးသွားစုံညီ ညံစီစီနှင့်
ရောင်နီတက်ချိန် ကွက်ကျားတိမ်မျော
လောကအလှ သဘာဝ ။
******************************